သွေးသစ် ဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ကျော်ကြားသူတို့ အဆိုအမိန့်များ....

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

(ဘင်ဂျမင်ဒစ်ဆရေလီ)


အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

(အယ်ဘတ်အိုက်စတိုင်း)


လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။

(ဟင်းရစ်အစ်ဆန်)


ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

(အီစွတ်)


သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဟီးဟီးဒီအချက်က ကျွန်တော်မကင်းဘူး)

(ဆမ်းမာဆက်မော)


ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။

(လိုင်ဗွီ)


စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။

(ဆာဖရန်စစ်ဘေကွန်)

တိုတိုနဲ့ ထိထိ မိမိ ဟာသများ

 အခန်းမကျော်အောင်

၅နှစ်အရွယ်နှင့် ၇နှစ်အရွယ် ညီအစ်ကို ကလေးနှစ်ယောက်တို့
တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့ တီဗွီ ခလုတ်ကို ပိတ်ရတာလဲ”
“ငါ ရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”


ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”


သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”

ယုံကြည်လာသူ

“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”

သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


ပေါက်ကရမပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”


ကြည့်ရှင်းသွားလိမ့်မယ်
“ဟေ့ ၀ိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက
ကြည့်ရှင်းပေးသွားလိမ့်မယ်”


သူ့ဆုတောင်း

အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်
စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု
ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။
သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ
တွင်းထဲသို့လိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို
လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”


ဒါကပေါ့တာကိုး

“စုန်းတွေဟာ ဘာကြောင့် တံမြက်စည်းကိုစီးတာလဲ”
“ဖုန်စုပ်စက်က အရမ်းလေးလွန်းလို့ပါ”

facebook wbepage ပြောင်းနည်း

ထူးခြားသည့် ဖေ့စ်ဘုတ်ခ် features သစ် အားလုံးကို သင်ကြားသိနေမှာဖြစ်ပြီး ၎င်းတို့ကို စတင်ရန် သင် စိတ်အားထက်သန်နေမည်မှာ သေချာသလောက်ဖြစ်သည်။

အဆင့် (၈) ခုကို စတင်လုပ်ဆောင်ရန် ဆန္ဒရှိပါက brand-new Facebook Timeline ကို ယခုချိန်တွင် ရရှိမည်ဖြစ်သည်။


အောက်ဖော်ပြပါ ညွှန်ပြထားသည့် ပုံအတိုင်း လုပ်ရန်ဖြစ်ပြီး ဖေ့စ်ဘုတ်ခ်ကမ္ဘာသစ်ဆီ ရောက်ရှိသွားလိမ့်မည်ဖြစ်ကာ developers များကဲ့သို့ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ညွှန်ကြားထားသည့်အတိုင်း ဂရုစိုက်စွာ လုပ်ဆောင်ပြီး အဆင်ပြေပါစေ။


ပထမဆုံး ဖေ့စ်ဘုတ်ခ် developer စာမျက်နှာဆီ သွားပါ။ ၎င်းသည် သင့်ဖေ့စ်ဘုတ်ခ်အကောင့်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ဤ https://developers.facebook.com/apps မှ စတင်လုပ်ဆောင်ရန် ဖြစ်သည်။

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်ကဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွှန်တော် အယ်ဒီတာချုပ်အဖြစ်တာဝန်ထန်းဆောင်နေချိန်ကဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာဝန်ကြီးဒေါက်တာ တင်အောင်သည် ကျွှန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုပြောပြသွားသည်။ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည်ရန်ကုန်ဆေးရုံကြီးဓါတ်ရောင်ခြညိဌာနတွင်တာဝန်ခံ ဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
“ ကင်ဆာနဲ့ပတ်သက်တဲ့ထူးခြားတဲ့ ကိုယ်တွေ့ဖြစ် ရပ်တစ်ခုကိုကျွှန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွှန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင်ဆရာတော်တစ်ပါးရောက်လာတယ်။ ဆရာတော်က ကင်ဆာရနေလို့ဓါတ်ရောင်ခြည်ကင်ဖို့သက်ဆိုင်ရာဆရာဝန်ကြီးများရဲ့ညွှန်ကြားချက်လည်းပါလာတယ်။ ကျွှန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။”
“ အဲ့ဒီလိုနေလာရာက ၃ လကျော် လောက်အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွှန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရောဂါ
ပျောက်ကင်နေတာကို တွေ့ရတယ်။ ကျွှန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ “ ဆရာတော်ဒီကြားထဲ ဘာဆေးတွေသောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က
သင်္ဘောရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်” လို့ပြောပြ
တယ်။ ဒီနောက် ဆရာတော်လည်းဝမ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက်အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျ
တော့မပြောနိုင်ဘူး။ ဆေးသိပ္ပံ သဘောအရတစ်ဦးတစ်ယောက်သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုးံပျောက်လိမ့်မယ်လို့ ကောက်ချက်ချမပြော နိုင်ဘူးဆရာ။

မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းထား...



30.09.2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ဖြေရှင်းဆောင်ရွက်ပေးရန်

Blue Screen Error ဖြေရှင်းနည်း (၂)

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

" စက္ကူမြား "

စက္ကူတစ်ရွက်
ဆုတ်ဖျက်ဖန်ဆင်း၊ အပြစ်ကင်းမဲ့
ချစ်ခြင်းနဲ့အတူ၊ ချစ်သူထံပါး
တစ်စင်းမြားလို၊ သွား၍ထိုးစိုက်
ခင်မကြိုက်လျှင်၊ ယူငင်လွှင့်ပစ်
ခင်နှစ်သက်သလိုပြုနိုင်သည်။

ဒါပေမဲ့ခင်
ကြင်နာသနား၊ နားလည်ထားပါ
ထိုမြားတစ်စင်း၊မုန်းခြင်းကင်းမဲ့
ချစ်ခြင်းနှင့်တည်၊ မောင့်ရင်ဆီမှ
ပြယုဂ်တစ်ခု၊ သမုဒယအလှ
နှလုံးသားမှ ကဗျာတစ်စဖြစ်သည်။

သည်တော့လည်းခင်
မကြင်နာစွန့်၊ ခင်ခွာဝံ့မလား
ထိုမြားတစ်စင်း၊ ကျွမ်းမြိုက်ခြင်းမဲ့
မုန်းခြင်းမရှိ၊ ချစ်ခြင်းပြည့်စွာ
ထာဝရစကား
နှလုံးသားမှ လာသည့်အရာ
ကြာရှည်ကာလ၊ နက်ရှစူးနစ်
ထိုးဝင်ရစ်၍
ချစ်သူ့နှလုံးသားမှာ
(အစဉ်ထာဝရ.........)
အမုန်းများစွာ မေ့စေသတည်း။ ။
သားလတ်


(၁၉၉၄ခုနှစ်-မတ်လ၊ ရွှေသမင်မဂ္ဂဇင်း)
( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
 အဖြူရောင်လမ်းကလေး ဘလော့ဂ်မှ လျှောက်လှမ်းခွင့် ပြုပါ..............

မိမိကွန်ပျူတာ memory ညှစ်ပတ်နေတယ်ဆိုရင်၊memoryသန့်ရှင်းအောင်လုပ်နည်းလေးပါ၊

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊

၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

kp3 ဆိုက်မှပြန်လည်ဖေါ်ပြပေးပါသည်...

အချစ်နဲ့ နားလည်မှု


    သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

   
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

    
"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

     
"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

အချစ်ဆိုတာ ဘာလဲ?


ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို "အချစ်ဆိုတာ ဘာလဲ?"ဆိုတဲ့မေးခွန်းကို မေးခဲ့ကြတယ်။ လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို တွေ့ခဲ့ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?

(၁) သမီးရဲ့ဘွားဘွားက အဆစ်ရောင်ရောဂါရှိတယ်။ သူက ခါးကုန်းပြီးခြေသည်းမညှပ်နိုင်ဘူး။ ဒါကို ဘိုးဘိုးကညှပ်ပေးတယ်။ ဘိုးဘိုးက သူ့လက်ဆစ်ရောင်တာကိုတောင်မမူဘဲ လုပ်ပေးတယ်။ ဒါဟာ အချစ်ဖြစ်တယ်။ --- Rebecca (၈)နှစ်

(၂) လူတစ်ယောက်က သင့်ကိုချစ်မိပြီဆိုရင် သင့်နာမည်ကိုခေါ်တဲ့ သူ့အခေါ်ကပြောင်းသွားတယ်။ သူ့ပါးစပ်ကနေ ထွက်လာတဲ့ သင့်နာမည်က သင့်ကိုခံစားမှုကောင်းတွေပေးတယ်။ --- Billy (၄)နှစ်

(၃) အချစ်ဆိုတာ မိန်းကလေးက ရေမွှေးဆွတ်၊ ယောက်ျားလေးက အော်ဒီကလုံးရေမွှေးဖြန်း.. အဲဒီနောက် သူတို့ချိန်းတွေကြပြီး အချင်းချင်း အနံ့ခံကြတာဖြစ်တယ်။ ---- Carl (၅)နှစ်

(၄) အချစ်ဆိုတာ အပြင်ထွက်အစာစားချိန် သင်က သင့်ရဲ့အာလူးချောင်းကြော်တွေကို တစ်စုံတစ်ယောက်ကို ပေးလိုက်တယ်။ အဲဒီတစ်စုံတစ်ယောက်က သူ့ရဲ့အစားအစာတွေ သင့်ကိုပြန်ပေးမပေးဆိုတာကို သင်ဂရုမစိုက်ခဲ့ဘူး။ ----- Krist (6)နှစ်

(၅) အချစ်ဆိုတာ သင်ပင်ပန်းတဲ့အချိန် သင့်ကိုပြုံးစေ၊ ရယ်မောစေတဲ့အရာဖြစ်တယ်။ --- Terry (၄)နှစ်

ညီမလေးရေ...မိုးတွေသည်းနေတယ်

ညီမလေးရေ...မိုးတွေသည်းနေတယ်





(၁)

ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေးပုံဖော်မိတဲ့အတွေးထဲ..
နွေးနွေးထွေးထွေးမှရှိရဲ့လား ..

(၂)

ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းယုံတစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါအရာတစ်ခုမဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်

ကျန်းမာရေးစေကြောင်း နည်းလမ်းကောင်း


သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

အပန်းဖြေနားရက်များ (၁) အောင်ဆန်းစုကြည်

           ယခုနှစ်များစွာ အတွင်းမှာအပန်းဖြေ နားရက်တွေဆိုတာ ကျမအတွက်တော့ အတိတ်ကာလက ဖျိုးကနဲဖျက်ကနဲ မှတ်တမ်း တင်ထားမိလိုက်တဲ့ အမှတ်ရစရာဓာတ်ပုံ တချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်၊ ဒါပေမယ့် အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည် မြည်းကြီး တကောင်ရဲ့ ကျောကုန်းထက်မှာ၊မြက်ခင်း ဆင်ခြေလျှောဘေးမှာထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့   နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိပ်တိပ် မြေခင်းအနေ အထားကို ငေးကြည့် နေခဲ့ တာ၊ ခတ္တူမန္ဒူမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးအထိ လှည့်ပတ် လွင့်မျောရင်း အမေရိကန်ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တကောင်ရဲ့ ကျောကုန်းပေါ်မှာ၊ အိန္ဒိယ ရှေ့မြောက် ဘက်မှာ၊ မျက်တောင် ခတ်ဖို့အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်တော်ကြီးေ တွရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော် ကကွက်၊ဆွစ် (ဆွစ်ဇာလန်) က  ရေ ကန်ကြီးတကန်ကို စီးမိုးထားတဲ့ ရဲတိုက်တခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယိုကိုစားနေခဲ့တာ၊အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တလျှေက်က တူးမြောင်းသွားသဘောင်္ တစီးပေါ်မှာ၊ ကျမက စိမ်းမြ ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာ ကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊တိုင်ရီကျွန်းပေါ်ကသဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတချို့ ကစားမြူးထူးနေကြတာ ။ပြန်တွေးလိုက် တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လိုက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။အဲဒါကြောင့်ပဲ သားငယ် ထိန်လင်း (ကင်မ်) တယောက် ဇွန်လထဲမှာ ကျမ ရဲ့မွေးနေ့ကိုရောက်လာပြီး အပန်းဖြေခရီးတနေရာကို ခေါ်သွားမယ်လို့ပြောတဲ့အခါ ကျမအတွက်   တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။ နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊

ဘုရားရှင်အကြောင်းတစေ့တစောင်း

                                            ဖွားမြင်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။


ဆရာဇော်ဂျီနှင့် သရော်စာ

အမျိုးသား စာဆိုတော်ကြီး ဖြစ်သော ဆရာဇော်ဂျီ (ခရစ်နှစ် ၁၉၀၇-၁၉၉၀) သည် မျက်မှောက်ခေတ် စာပေလောကတွင် စာပေါင်းစုံ ရေးသားခဲ့သော စာဆိုတော်ကြီး တစ်ဦး ဖြစ်သည်ဟု ဆိုသင့်သည်။ ဘ၀သက်တမ်း တစ်လျှောက်တွင် ကွယ်လွန်ချိန် အထိ စာပေများ ရေးသား၍ စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဆရာဇော်ဂျီ၏ ဘ၀သက်တမ်း တစ်လျှောက်တွင် ကဗျာများ၊ ပြဇာတ်နှင့် ၀တ္ထုတိုများ၊ ရသစာပေ သဘောတရား စာစုများ၊ အတွေးအခေါ်ဆိုင်ရာ စာပေများ၊ စာပေဝေဖန်ရေးနှင့် သုတေသန စာတမ်းများ၊ ပြည်ထောင်စုသမိုင်း ပုံပြင်များ၊ ဂန္ထ၀င်မြောက် ဘာသာပြန် ၀တ္ထုတိုများ၊ စာတမ်းငယ် (အက်ဆေးများ) စသည်ဖြင့် စာပေါင်းစုံ တို့ကို အမျိုးသားရေးအမြင်၊ မြန်မာ့ယဉ်ကျေးမှု ရှုထောင့်၊ မြန်မာ့ အတွေးအမြင် တို့နှင့် ရေးဖွဲ့ခဲ့သည်။ ဆရာဇော်ဂျီသည် ၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းဋီကာ ဖြင့် စာပေဗိမာန် (စာပဒေသာဆု)၊ ၁၉၇၉ ခုနှစ်တွင် 'နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတိုများဖြင့် အမျိုးသားစာပေဆု၊ (ဘာသာပြန် ရသစာပေဆု)၊ ၁၉၈၇ ခုနှစ်တွင် ရှေးခေတ် ပုဂံကဗျာများနှင့် အခြား ကဗျာများဖြင့် အမျိုးသား စာပေဆု (ကဗျာပေါင်းချုပ်ဆု) များကို ဆွတ်ခူး ရရှိခဲ့သည်။